အသင်းဖြစ်ပေါ်လာပုံ -

Pulau Ular ECC Project Singapore တွင်နေထိုင် အလုပ် လုပ်ကိုင်လျှက်ရှိသော ရွှေမြန်မာများ အများ အပြားရှိသည့်အနက်မှ ဝါတွင်းကာလများတွင် ဥပုသ် သီလ ဆောက်တည်ကြသော ရွှေမြန်မာလူငယ်အဖွဲ့ ကလေးမှ အစပြုခဲ့ခြင်းဖြစ်သည်။ ထိုလူငယ်များသည် မိမိတို့ကဲ့သို့ နိုင်ငံရပ်ခြားတွင် ရည်ရွယ်ချက်မျိုးစုံဖြင့် အလုပ်လုပ်ကြရသော ရွှေမြန်မာများကိုလည်း ဘုရား၊ တရား၊ သံဃာ၊ ရတနာသုံးပါးနှင့် ကံ ကံ၏အကျိုး ကိုယုံကြည် စေလိုသောဆန္ဒ၊ နေ့စဉ်အလုပ်နှင့် သာ အချိန် ကုန်ကြပြီး မိမိတို့၏ အားလပ်ချိန်လေးများကို မိမိဘဝသံသရာအတွက် အထောက်အပံ့ဖြစ်သော ဒါန၊ သီလ၊ဘာဝနာတရားရှုမှတ်ပွားများ အားထုတ်နိုင်ရန် ပါရမီ ဖြည့်ပေးချင်သော ထူးမြတ်သည့် စိတ်စေတနာ ဖြင့် (၃-၁၀-၂၀၀၉) သီတင်းကျွတ်လပြည့် နေ့တွင် ဤအသင်းအား စတင်တည်ထောင် ခဲ့ပါသည်။

Monday, February 20, 2012

အသင်း၏ ၇ ကြိမ်မြောက်သွေးလှူဒါန်းပွဲ ဖိတ်ကြားလွှာ ( ၂၆ . ၀၂ . ၂၀၁၂ ) တနင်္ဂနွေ နေ့( စကာင်္ပူ သွေးလှူဘဏ် )

No comments:

Post a Comment