ငါ့အတွက်မဟုတ်ပါ
ငါ့အတွက်မဟုတ်ပါ ဟူသော ဤစကားလေးသည် လူနတ်ဗြဟ္မာ သတ္တဝါများစွာ၏ ဘဝတိုင်း ကိုးကွယ်ရာ ဖြစ်သောသုံးလောကထွဋ်ထားမြတ်ဗုဒ္ဓဘဂဝါအလောင်းလျာသုမေဓာရှင်ရသေ့၏လက်သုံးစကားပင်ဖြစ်ပါသည်။သုမေဓာဟုဆိုလိုက်သည်နှင့် (ဂေါတမ)မြတ်ဗုဒ္ဓ အလောင်းလျာဆိုတာ ဗုဒ္ဓဘာသာဝင်တိုင်း သိကြလေပြီ။သို့သော် ဗုဒ္ဓဘာသာဝင် တစ်ချို့ မသိနားမလည်တာ တစ်ခုရှိလေ၏။ ထိုအရာကား သုမေဓာအရှင်ရသေ့၏ စိတ်ဓါတ်နှင့် လုပ်တောင်ချက်ပင်ဖြစ်ပါသည်။
သုမေဓာအရှင်ရသေ့သည် ဒီပင်္ကရာမြတ်စွာဘုရားရှင် သာသနာတော်၌ စိတ်ဆင်းရဲ ၊ ကိုယ်ဆင်းရဲ၊ ဘဝဆင်းရဲ၊ ဆင်းရဲပေါင်းများစွာ ဒုက္ခကမ္ဘာမှ လွတ်မြောက်ရာမှန် မြတ်နိဗ္ဗာန်ကို ကျင့်ကြံအားထုတ် ရယူမည်ဆိုလျှင် ရရှိမည်ဖြစ် သော်လည်း ထိုအခါ သူစဉ်းစားလိုက်သည်က ယခု ငါရရှိမည့် နိဗ္ဗာန်သည် ငါ့အတွက်သာဖြစ်၏။ အများအတွက် မဟုတ်ပြီ။
အများအတွက်မဟုတ်သော ဤနိဗ္ဗာန်ကို ငါယူလိုက်လျှင် တစ်ကိုယ်ကောင်းဆန်သော အတ္တသမားသာ ဖြစ်၍ ငါ့အတွက် ငါလုပ်ရုံမျှဖြင့် ဘာအကျိုးရှိမည်နည်း။ အများအတွက် ဘာလုပ်ပေးရင် ကောင်းမလဲ စဉ်းစားကာငါဆင်းရဲအပေါင်းမှလွတ်ရာနိဗ္ဗာန်ကိုရရှိရောက်ရှိသလိုသူများတွေလည်းငါနှင့်အတူလိုက်မည်ဆို
လျှင်ခေါ်သွားမှကောင်းမည်ဆိုသောအသိဖြင့်လက်ထဲရောက်တော့မည့်နိဗ္ဗာန်ကိုစွန့်လွှတ်ကာဝေနေယျ
များစွာသတ္တဝါတွေအတွက်ဘဝပေါင်းများစွာကိုပေးဆပ်ပြီးသဗ္ဗညုတရွှေဥာဏ်တော်ကြီးအားရှာဖွေခဲ့ခြင်းဖြစ်ပါသည်။
လျှင်ခေါ်သွားမှကောင်းမည်ဆိုသောအသိဖြင့်လက်ထဲရောက်တော့မည့်နိဗ္ဗာန်ကိုစွန့်လွှတ်ကာဝေနေယျ
များစွာသတ္တဝါတွေအတွက်ဘဝပေါင်းများစွာကိုပေးဆပ်ပြီးသဗ္ဗညုတရွှေဥာဏ်တော်ကြီးအားရှာဖွေခဲ့ခြင်းဖြစ်ပါသည်။
ထိုသဗ္ဗညုရွှေဥာဏ်တော်ကြီးအားအလွယ်တစ်ကူရခဲ့ခြင်းတော့မဟုတ်ပါပေ။အသက်ကိုပေးဆပ်ပြီးအများကောင်းကျိုး ဆောင်ရွက်ခဲ့ရသည့် ဘဝများရေတွက်၍မရသလိုခြေလက်အင်္ဂါ၊သားမယားပစ္စည်းဥစ္စာ ရတနာများ၊မင်းစည်းစိမ်တို့ကိုပေးဆပ်လှူါးန်းရသောဘဝပေါင်းမရေတွက်နိုင်ပေ။ထိုသို့ဘဝပေါင်းများစွာကိုပေးဆပ်ပြီးသဗ္ဗညုတရွှေဥာဏ်တော်ကြီးကို သူ့အတွက်မဟုတ် များသူငါ သတ္တဝါအတွက်ဆိုတာ ဗုဒ္ဓဘာသာဝင်များ သိရှိကြဖို့ လိုပါလိမ့်မည်ဟု ထင်မိပါသည်။
အကျွန်ုပ်တို့အသင်းသူ/အသင်းသားတို့သည်လည်းသုမေဓာအရှင်ရသေ့၏စိတ်ဓါတ်နှင့်လုပ်ဆောင်ချက်ကိုအတုယူအားကြနှစ်သက်ဂုဏ်ယူကာသူ့လိုဘဝပေါင်းများစွာအသက်ပေါင်းများစွာ ခြေလက်အင်္ဂါ ၊သားမယား၊ ပစ္စည်းဥစ္စာ ရတနာနှင့်ရာထူးဂုဏ်တို့ကို အများအတွက် စွန့်လွှတ်မလှူါးန်း နိုင်သေးသော်လည်း ငါ့အတွက်မဟုတ်ပါ,ဟူသောစိတ်ဓါတ်ဖြင့်သုမေဓာလိုဘဝအသင်္ချေအများအတွက်မလုပ်နိုင်တောင်တစ်ခဏတာပဲဖြစ်ဖြစ်တစ်ဘဝတာပဲဖြစ်ဖြစ်တက်နိုင်သမျှငါ့အတွက်မဟုတ်ပါ,ဟူသောစိတ်ဓါတ်ကလေးများဖြင့်(ပရဟိတ)အများအကျိုး ဆောင်ရွက်နေခြင်းဖြစ်ပါသည်။
စေ~~~~(ဗုဒ္ဓအလင်းရောင်)
No comments:
Post a Comment