အသင်းဖြစ်ပေါ်လာပုံ -

Pulau Ular ECC Project Singapore တွင်နေထိုင် အလုပ် လုပ်ကိုင်လျှက်ရှိသော ရွှေမြန်မာများ အများ အပြားရှိသည့်အနက်မှ ဝါတွင်းကာလများတွင် ဥပုသ် သီလ ဆောက်တည်ကြသော ရွှေမြန်မာလူငယ်အဖွဲ့ ကလေးမှ အစပြုခဲ့ခြင်းဖြစ်သည်။ ထိုလူငယ်များသည် မိမိတို့ကဲ့သို့ နိုင်ငံရပ်ခြားတွင် ရည်ရွယ်ချက်မျိုးစုံဖြင့် အလုပ်လုပ်ကြရသော ရွှေမြန်မာများကိုလည်း ဘုရား၊ တရား၊ သံဃာ၊ ရတနာသုံးပါးနှင့် ကံ ကံ၏အကျိုး ကိုယုံကြည် စေလိုသောဆန္ဒ၊ နေ့စဉ်အလုပ်နှင့် သာ အချိန် ကုန်ကြပြီး မိမိတို့၏ အားလပ်ချိန်လေးများကို မိမိဘဝသံသရာအတွက် အထောက်အပံ့ဖြစ်သော ဒါန၊ သီလ၊ဘာဝနာတရားရှုမှတ်ပွားများ အားထုတ်နိုင်ရန် ပါရမီ ဖြည့်ပေးချင်သော ထူးမြတ်သည့် စိတ်စေတနာ ဖြင့် (၃-၁၀-၂၀၀၉) သီတင်းကျွတ်လပြည့် နေ့တွင် ဤအသင်းအား စတင်တည်ထောင် ခဲ့ပါသည်။

Monday, December 26, 2011

( ၉ . ၅ . ၂၀၁၀ )အမေများနေ့ အမှတ်တရသွေးလှူပွဲ ( စကာင်္ပူ သွေးလှူဘဏ် )

( ၉ . ၅ . ၂၀၁၀ )အမေများနေ့ အမှတ်တရသွေးလှူပွဲ ( စကာင်္ပူ သွေးလှူဘဏ် )

( ၉ . ၅ . ၂၀၁၀ )အမေများနေ့ အမှတ်တရသွေးလှူပွဲ ( စကာင်္ပူ သွေးလှူဘဏ် )

( ၉ . ၅ . ၂၀၁၀ )အမေများနေ့ အမှတ်တရသွေးလှူပွဲ ( စကာင်္ပူ သွေးလှူဘဏ် )

( ၉ . ၅ . ၂၀၁၀ )အမေများနေ့ အမှတ်တရသွေးလှူပွဲ ( စကာင်္ပူ သွေးလှူဘဏ် )

( ၉ . ၅ . ၂၀၁၀ )အမေများနေ့ အမှတ်တရသွေးလှူပွဲ ( စကာင်္ပူ သွေးလှူဘဏ် )

( ၉ . ၅ . ၂၀၁၀ )အမေများနေ့ အမှတ်တရသွေးလှူပွဲ ( စကာင်္ပူ သွေးလှူဘဏ် )

( ၉ . ၅ . ၂၀၁၀ )အမေများနေ့ အမှတ်တရသွေးလှူပွဲ ( စကာင်္ပူ သွေးလှူဘဏ် )

Wednesday, December 21, 2011

အသင်း၏ဆောင်ရွက်မှု မှတ်တမ်း (၁)

အသင်း၏ဆောင်ရွက်ချက်များ -
စင်္ကာပူနိုင်ငံ၌


(၁) အပတ်စဉ် စနေနေ့ညတိုင်း IMM အနီး Toh guan
ပန်းခြံအတွင်း၌ ဗုဒ္ဓပူဇနိယသဘင် ဆင်ယင်ကျင်းပ နိုင်ခဲ့ခြင်း။


(၂)ဗုဒ္ဓစာပေဆိုင်ရာ အသိပညာများ၊ ဗဟုသုတ တိုးပွားစေရန်နှင့် သဒ္ဓါတရား ပွားများစေရန်အတွက်                 ဗုဒ္ဓစာပေဆိုင်ရာ  ဆွေးနွေးမှုများ ပြုလုပ်ခြင်း။

(၃) ဗုဒ္ဓစာပေဆိုင်ရာ စာအုပ်ပေါင်းများစွာကို ဝယ်ယူစု ဆောင်း၍ စာကြည့်တိုက်သဖွယ် ငှားရမ်းပေးခြင်း။

(၄) ဝါတွင်း ကာလ၌ (၈) ရက်ဥပုသ်၊ လပြည့် လကွယ်
ဥပုသ်နေ့တို့တွင်အသင်းသူ/အသင်းသားတို့မှဦးဆောင်၍ဥပုသ်သီလ ဆောက်တည်ကြခြင်း။

(၅) Singapore(HSA) Blood Bank၌ (၃)လတစ်ကြိမ် အသင်းမှဦးဆောင်၍ ဇီဝတဒါန သွေးလှူ ဒါန်းခြင်း။

Tuesday, December 20, 2011

ငါ့အတွက်မဟုတ်ပါ


ငါ့အတွက်မဟုတ်ပါ

ငါ့အတွက်မဟုတ်ပါ ဟူသော ဤစကားလေးသည် လူနတ်ဗြဟ္မာ သတ္တဝါများစွာ၏ ဘဝတိုင်း ကိုးကွယ်ရာ ဖြစ်သောသုံးလောကထွဋ်ထားမြတ်ဗုဒ္ဓဘဂဝါအလောင်းလျာသုမေဓာရှင်ရသေ့၏လက်သုံးစကားပင်ဖြစ်ပါသည်။သုမေဓာဟုဆိုလိုက်သည်နှင့် (ဂေါတမ)မြတ်ဗုဒ္ဓ အလောင်းလျာဆိုတာ ဗုဒ္ဓဘာသာဝင်တိုင်း သိကြလေပြီ။သို့သော် ဗုဒ္ဓဘာသာဝင် တစ်ချို့ မသိနားမလည်တာ တစ်ခုရှိလေ၏။ ထိုအရာကား သုမေဓာအရှင်ရသေ့၏ စိတ်ဓါတ်နှင့် လုပ်တောင်ချက်ပင်ဖြစ်ပါသည်။

သုမေဓာအရှင်ရသေ့သည် ဒီပင်္ကရာမြတ်စွာဘုရားရှင် သာသနာတော်၌ စိတ်ဆင်းရဲ ၊ ကိုယ်ဆင်းရဲ၊ ဘဝဆင်းရဲ၊ ဆင်းရဲပေါင်းများစွာ ဒုက္ခကမ္ဘာမှ လွတ်မြောက်ရာမှန် မြတ်နိဗ္ဗာန်ကို ကျင့်ကြံအားထုတ် ရယူမည်ဆိုလျှင်  ရရှိမည်ဖြစ် သော်လည်း   ထိုအခါ သူစဉ်းစားလိုက်သည်က  ယခု ငါရရှိမည့် နိဗ္ဗာန်သည် ငါ့အတွက်သာဖြစ်၏။ အများအတွက် မဟုတ်ပြီ။

အများအတွက်မဟုတ်သော ဤနိဗ္ဗာန်ကို ငါယူလိုက်လျှင် တစ်ကိုယ်ကောင်းဆန်သော  အတ္တသမားသာ ဖြစ်၍ ငါ့အတွက် ငါလုပ်ရုံမျှဖြင့် ဘာအကျိုးရှိမည်နည်း။ အများအတွက် ဘာလုပ်ပေးရင် ကောင်းမလဲ စဉ်းစားကာငါဆင်းရဲအပေါင်းမှလွတ်ရာနိဗ္ဗာန်ကိုရရှိရောက်ရှိသလိုသူများတွေလည်းငါနှင့်အတူလိုက်မည်ဆို
လျှင်ခေါ်သွားမှကောင်းမည်ဆိုသောအသိဖြင့်လက်ထဲရောက်တော့မည့်နိဗ္ဗာန်ကိုစွန့်လွှတ်ကာဝေနေယျ
များစွာသတ္တဝါတွေအတွက်ဘဝပေါင်းများစွာကိုပေးဆပ်ပြီးသဗ္ဗညုတရွှေဥာဏ်တော်ကြီးအားရှာဖွေခဲ့ခြင်းဖြစ်ပါသည်။
                              
ထိုသဗ္ဗညုရွှေဥာဏ်တော်ကြီးအားအလွယ်တစ်ကူရခဲ့ခြင်းတော့မဟုတ်ပါပေ။အသက်ကိုပေးဆပ်ပြီးအများကောင်းကျိုး ဆောင်ရွက်ခဲ့ရသည့် ဘဝများရေတွက်၍မရသလိုခြေလက်အင်္ဂါ၊သားမယားပစ္စည်းဥစ္စာ ရတနာများ၊မင်းစည်းစိမ်တို့ကိုပေးဆပ်လှူါးန်းရသောဘဝပေါင်းမရေတွက်နိုင်ပေ။ထိုသို့ဘဝပေါင်းများစွာကိုပေးဆပ်ပြီးသဗ္ဗညုတရွှေဥာဏ်တော်ကြီးကို သူ့အတွက်မဟုတ် များသူငါ သတ္တဝါအတွက်ဆိုတာ ဗုဒ္ဓဘာသာဝင်များ သိရှိကြဖို့ လိုပါလိမ့်မည်ဟု ထင်မိပါသည်။
                                  
အကျွန်ုပ်တို့အသင်းသူ/အသင်းသားတို့သည်လည်းသုမေဓာအရှင်ရသေ့၏စိတ်ဓါတ်နှင့်လုပ်ဆောင်ချက်ကိုအတုယူအားကြနှစ်သက်ဂုဏ်ယူကာသူ့လိုဘဝပေါင်းများစွာအသက်ပေါင်းများစွာ ခြေလက်အင်္ဂါ ၊သားမယား၊ ပစ္စည်းဥစ္စာ ရတနာနှင့်ရာထူးဂုဏ်တို့ကို အများအတွက် စွန့်လွှတ်မလှူါးန်း နိုင်သေးသော်လည်း ငါ့အတွက်မဟုတ်ပါ,ဟူသောစိတ်ဓါတ်ဖြင့်သုမေဓာလိုဘဝအသင်္ချေအများအတွက်မလုပ်နိုင်တောင်တစ်ခဏတာပဲဖြစ်ဖြစ်တစ်ဘဝတာပဲဖြစ်ဖြစ်တက်နိုင်သမျှငါ့အတွက်မဟုတ်ပါ,ဟူသောစိတ်ဓါတ်ကလေးများဖြင့်(ပရဟိတ)အများအကျိုး ဆောင်ရွက်နေခြင်းဖြစ်ပါသည်။

                                                                    စေ~~~~(ဗုဒ္ဓအလင်းရောင်)






အသင်း၏ ကဗျာလေး.........


ဗုဒ္ဓအလင်းရောင်အစ ဥပုသ်က
ပုလောအူလာ စင်္ကာပူမှာ
မြန်မာသွေးသာသနာ့ အလံထူလို့
မာန်ဟူသမျှအောင် ဗုဒ္ဓအရောင်ထွန်းလင်းအောင်ပ
တတ်အားစေတနာ ညီညာစုရုံး
မေတ္တာနှလုံးဖြင့် ကိစ္စများမြောင်
လူတို့ဘောင်၌ ရင်ဝယ်ဘုရား
ဂုဏ်သုံးပါးနှင့် ရနံ့သီလ
ကိုယ်ကျင့်စ၍ စိတ်ထားမြတ်စေ
လှူမျှဝေခြင်း မယွင်းဧကန် မြတ်နိဗ္ဗာန်
ရွယ်ကြောင်းမချွတ် ပါရမီဝတ်ကို
ကမ္ဘာတိုင်အောင် တည်စေဖို့
ငါတို့ဆောင်ရွက်စို့။